ရှင်လုကာခရစ်ဝင် 20:13
ထိုအခါ ဥယျာဉ် ရှင် က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏ချစ် သား ကို ငါစေလွှတ် မည်။ ထိုသူတို့ သည် ငါ့သား ကိုမြင်လျှင် အားနာ ကောင်းအားနာကြလိမ့်မည်ဟု ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Isaiah 5:4ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
Jeremiah 36:7သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မ လမ်း ကို ရှောင် လျက်၊ ထာဝရဘုရား အားပြပ်ဝပ်၍ ဆုတောင်းကောင်းဆုတောင်း ကြလိမ့်မည်။ ဤ လူမျိုး ၌ ထာဝရဘုရား ခြိမ်း တော်မူသော အမျက် ဒေါသ သည် အလွန် ပြင်းထန်ပေ၏ဟု ဗာရုတ် အား မှာ ထားလေ၏။
Hosea 11:8အိုဧဖရိမ် ၊ ငါသည် သင့် ကို အဘယ် သို့စွန့် နိုင် မည်နည်း။ အိုဣသရေလ ၊ သင့် ကို အဘယ်သို့ အပ်နှံ နိုင် မည်နည်း။ သင့်ကို အာဒမာ မြို့ကဲ့သို့ အဘယ်သို့ဖြစ်စေ နိုင်မည်နည်း။ ဇေဘိုင် မြို့အရာ၌ အဘယ်သို့ခန့်ထား နိုင် မည်နည်း။ ငါ သည် နှလုံး ပြောင်းလဲ ၍ အလွန် ကြင်နာသောစိတ် ရှိ၏။
Matthew 17:5ထိုသို့လျှောက် စဉ် တွင်၊ ထွန်းလင်း သောမိုဃ်းတိမ် သည် ထိုသူ တို့ကိုလွှမ်းမိုး ၍၊ ဤ သူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ။ သူ ၏စကားကို နားထောင် ကြလော့ဟု မိုဃ်းတိမ် က အသံ တော်ဖြစ်လေ၏။
John 1:34ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
John 3:35ခမည်းတော် သည်သား တော်ကိုချစ် တော်မူ၍၊ ခပ်သိမ်း သောအရာတို့ကို သား တော်လက် သို့ အပ်ပေး တော်မူပြီ။ သား တော်ကို ယုံကြည် သောသူ သည် ထာဝရ အသက် ကိုရ ၏။