ရှင်လုကာခရစ်ဝင် 20:22
အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။
1835 Judson Burmese Bible
In The King James Version
Is it lawful for us to give tribute unto Caesar, or no?
In Context
Read all of ရှင်လုကာခရစ်ဝင် 20
Cross References
Ezra 4:13ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကိုမခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
Ezra 9:7ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တပါးအမျိုးသားရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာ ပျက်ခြင်းကို ခံရပါ၏။
Nehemiah 9:37အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
Matthew 22:17သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
Acts 5:37ထိုသူနောက်ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည် ရှိသော ဂါလိလဲ လူတယောက်သည်လည်းထ၍၊ မိမိ နောက်သို့လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှ သောသူ တို့သည် ပျောက်လွင့်ကြ၏။