ရှင်လုကာခရစ်ဝင် 21:12
ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
13ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။
Read all of ရှင်လုကာခရစ်ဝင် 21
Cross References
Matthew 10:16တောခွေး စု ထဲသို့ သိုး တို့ကို စေလွှတ်သကဲ့သို့ သင် တို့ကို ငါ စေလွှတ် ၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာ လျက် ၊ ချိုးငှက် ကဲ့သို့ အဆိပ်ကင်း လျက် ရှိ ကြလော့။
Matthew 23:34ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။
Mark 13:9သင် တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ အကြောင်းမူကား၊ သင် တို့ကို လွှတ်ရုံး သို့ အပ်နှံ ကြလိမ့်မည်။ တရားစရပ် တို့၌ ရိုက် ကြလိမ့်မည်။ ထိုသူ တို့အား သက်သေ ဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် ရောက် ကြလိမ့်မည်။”
John 15:20ကျွန် သည် မိမိ သခင် ထက်သာ၍ ကြီးမြတ်သည်မ ဟုတ် ဟု ငါ ပြော ခဲ့ပြီးသောစကား ကို အောက်မေ့ ကြ လော့။ သူတို့သည်ငါ့ ကိုညှဉ်းဆဲ လျှင် သင် တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ ငါ့ စကား ကိုနားထောင် လျှင် သင် တို့၏ စကားကို နားထောင် ကြလိမ့်မည်။
Acts 4:3တမန်တော် တို့ကိုဘမ်းဆီး ပြီးမှ ၊ ည အချိန်ဖြစ် သောကြောင့် နက်ဖြန် နေ့တိုင်အောင် နှောင် အိမ်၌ ချုပ် ထားကြ၏။
Acts 5:40ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။