ရှင်လုကာခရစ်ဝင် 21:9
သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
မြန်မာကျမ်းစာ
In The King James Version
In Context
10ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။
Read all of ရှင်လုကာခရစ်ဝင် 21
Cross References
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Proverbs 3:25လျင်မြန် သောဘေး နှင့် လူဆိုး တွေ့ တတ်သော ပျက်စီး ရာ ဘေးကို ကြောက် စရာမ ရှိရ။
Isaiah 51:12သင် တို့ကို နှစ်သိမ့် စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ ကိုယ်တိုင်ပေတည်း။ သေ ရသော လူ ကို၎င်း၊ မြက်ပင် ကဲ့သို့ဖြစ်လတံ့သော လူ သား ကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
Matthew 24:6သင်တို့သည် စစ်တိုက် ခြင်းအကြောင်းကို၎င်း ၊ စစ်တိုက် အံ့သော သိတင်း စကားကို၎င်း ကြား ရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်းမ ရှိ စေခြင်းငှာသတိပြု ကြလော့။ ထိုအမူအရာ များသည်ဖြစ်ရ မည်။ သို့သော်လည်း အဆုံး သည်မ ဖြစ် သေး။
Luke 21:8ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။
Luke 21:28ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။