ရှင်လုကာခရစ်ဝင် 22:19
ထိုအခါ မုန့် ကိုယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့်ကား သင် တို့အဘို့ အလိုငှာ စွန့် သော ငါ ၏ကိုယ် ဖြစ် ၏။ ငါ့ ကို အောက်မေ့ ဘို့ရာ ဤသို့ ပြု ကြလော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Psalms 78:4သား မြေးတို့မှ မ ဝှက် မထား။ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်နှင့် တန်ခိုး တော်ကို၎င်း၊ ပြု တော်မူသော အံ့ဩ ဘွယ်အမှုတို့ကို၎င်း ၊ ဖြစ် လတံ့သောသူတို့အား ဘော် ပြကြမည်။
Song of Solomon 1:4ကျွန်မ ကို သွေးဆောင် တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်း ခန်းထဲသို့ ကျွန်မ ကို ဆောင် ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော် ကြောင့် ဝမ်းမြောက် ရွှင်လန်း ကြမည်။ မေတ္တာ တော်ကို စပျစ်ရည် ထက် သာ၍ချီးမွမ်း ကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော် ကိုမှန်ကန် စွာ ချစ် ကြပါ၏။
Ezekiel 37:11ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
Daniel 4:22အရှင် မင်းကြီး၊ ကိုယ်တော် ပင် ဖြစ်ပါ၏။ ကိုယ်တော်သည် ကြီးပွား ၍ ခွန်အား နှင့်ပြည့်စုံတော်မူ၏။ ဘုန်း စည်းစိမ်တော်ကြီး မြင့်၍ မိုဃ်း ကောင်းကင်သို့ ထိ ၏။ အာဏာစက် တော်လည်း၊ မြေကြီး စွန်း တိုင်အောင် ရောက် တော်မူ၏။
Matthew 14:19တပည့် တော်တို့သည်လည်းလူ အပေါင်းတို့အား ပေးကြ၏။ လူအပေါင်း တို့သည်စား ၍ ဝ ကြပြီးမှ ကြွင်းရစ် သောအကျိုးအပဲ့ ကို ကောက်သိမ်း ၍ တင်းဆယ့်နှစ် တောင်း အပြည့် ရကြ၏။
Mark 14:22ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။