ရှင်လုကာခရစ်ဝင် 22:26
သင် တို့မူကား ထိုသို့ မ ပြုကြနှင့်၊ သင် တို့တွင် အကဲအမှူး ပြုသောသူ ကို ငယ်သား ကဲ့သို့ ဖြစ်စေ ။ အုပ်စိုး သောသူ ကိုလည်း အစေခံ ကဲ့သို့ ဖြစ်စေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Matthew 18:3ငါအမှန် ဆို သည်ကား၊ သင်တို့သည်ပြောင်းလဲ ၍ သူငယ် ကဲ့သို့ မ ဖြစ် လျှင် ကောင်းကင် နိုင်ငံ တော်သို့ မ ရောက် ရကြ။
Mark 9:35ထိုအခါ ကိုယ်တော်သည် ထိုင် လျက် တစ်ကျိပ် နှစ်ပါးတို့ကိုခေါ် တော်မူ၍ ၊ အရင် အဦးဖြစ်လို သောသူ မည်သည်ကား နောက်ဆုံး ဖြစ် ရမည်။ အလုံးစုံ တို့၏ အစေခံ လည်း ဖြစ် ရမည်” ဟု မိန့် တော်မူ၏။
Romans 12:2သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
1 Peter 5:5ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။