ရှင်လုကာခရစ်ဝင် 22:37
အကြောင်းမူကား ၊ ထိုသူသည်မတရား သောသူတို့နှင့် ရေတွက် ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာ ချက်သည် ငါ ၌ ယခုပင် ပြည့်စုံ ရ မည်။ ငါ့ အမှုအရာတို့သည် ပြီးစီး ခြင်းသို့ ရောက် ကြပြီ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
38ထိုသူ တို့ကလည်း ၊ သခင် ၊ ဓား နှစ် စင်းရှိပါ၏ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော်မူ၏။
Read all of ရှင်လုကာခရစ်ဝင် 22
Cross References
Matthew 26:54သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။
Mark 15:28ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
Luke 22:22ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။
Luke 24:44တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
John 17:4အကျွန်ုပ် သည် မြေကြီး ပေါ်မှာ ကိုယ်တော် ကို ဘုန်း ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့ အကျွန်ုပ် အပ်ပေး တော်မူသောအမှု ကို အကျွန်ုပ်ဆောင်ရွက်၍ ပြီး ပါပြီ။
Acts 13:27ယေရုရှလင် မြို့၌ နေ သောသူ တို့နှင့်တကွ မင်း များတို့သည် ထို သခင်ကို၎င်း၊ ဥပုသ်နေ့ တိုင်း အစဉ် ဘတ်ရွက် သော ပရောဖက် တို့၏ စကား ကို၎င်း ၊ မ သိနားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင် သော အားဖြင့် ၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။