ရှင်လုကာခရစ်ဝင် 24:26
ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Ought not Christ to have suffered these things, and to enter into his glory?
In Context
25ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာ သောသူတို့၊
Read all of ရှင်လုကာခရစ်ဝင် 24
Cross References
Genesis 22:6ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။
Psalms 69:1အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။
Zechariah 13:7ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။
Luke 24:44တဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ပညတ္တိကျမ်းစာ၌၎င်း၊ ပရောဖက်တို့၏ ကျမ်းစာ၌၎င်း၊ ဆာလံ ကျမ်းစာ၌၎င်း၊ ငါ့ကို ရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အားဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။
Acts 17:3ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။
Hebrews 2:8ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။