ရှင်လုကာခရစ်ဝင် 24:49
ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ ၌ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
48သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။
Read all of ရှင်လုကာခရစ်ဝင် 24
Cross References
Isaiah 44:3အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
Joel 2:28ထိုနောက်မှ လူမျိုး တကာ တို့ အပေါ် သို့ ငါ ၏ ဝိညာဉ် တော်ကို ငါသွန်းလောင်း မည်။ သင် တို့၏ သား သမီး တို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီး သောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက် ရကြလိမ့်မည်။ အသက် ငယ်သောသူတို့ သည်လည်း ဗျာဒိတ် ရူပါရုံတို့ကို မြင် ရကြလိမ့်မည်။
John 14:26ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။
John 16:7ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။
Acts 1:8ထိုသို့မရှိသော်လည်း ၊ သင် တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်ဆင်းသက် သောအခါသင်တို့သည် တန်ခိုး ကိုခံရ ၍ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ရှမာရိ ပြည်၊ မြေကြီး စွန်း တိုင်အောင် ငါ ၏သက်သေ ဖြစ် ကြ လိမ့်မည် ဟု မိန့် တော်မူ၏။