ရှင်လုကာခရစ်ဝင် 3:8
နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 4:3သူတို့သည် ယော်ဒန် မြစ်အလယ် ၊ ယဇ်ပုရောဟိတ် တို့ မြဲမြံစွာနင်း ရာ၊ ဤ အရပ် ထဲက ကျောက် တဆယ် နှစ်လုံးကို ယူ ပြီးလျှင် ထမ်း သွား၍ ၊ ယနေ့ညဉ့် စားခန်းချ ရာအရပ် ၌ ထား ရမည်အကြောင်းဆင့်ဆို လော့ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
Isaiah 1:16ကိုယ်ကိုကိုယ်ဆေးကြော ကြလော့။ ကိုယ်ကို ကိုယ်စင်ကြယ် စေကြလော့။ သင် တို့ဒုစရိုက် များကို ငါ့ မျက်မှောက် မှ ပယ်ရှား ကြလော့။ မကောင်း သောအကျင့် ကို ဖြတ် ကြလော့။
Jeremiah 7:4ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
Matthew 8:11ငါဆို ပြန်သည်ကား ၊ လူ များတို့သည်၊ အရှေ့ အရပ်၊ အနောက် အရပ်မှ လာ ၍ ၊ ကောင်းကင် နိုင်ငံ တော်၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့်တကွ လျောင်း ရကြလတံ့၊
Luke 13:28ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
Luke 19:40ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။