ရှင်လုကာခရစ်ဝင် 4:22
ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား မ ဟုတ် တုံလောဟု ဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
21ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။
Cross References
Psalms 45:2ကိုယ်တော် သည် လူမျိုး ထက် အဆင်း လှပါ၏။ နှုတ် တော်သည် ကျေးဇူး စကားနှင့် ပြည့်စုံ ပါ၏။ ထိုကြောင့် ဘုရား သခင်သည် ကိုယ်တော် ကို အစဉ် အမြဲကောင်းကြီး ပေးတော်မူ၏။
Proverbs 10:32ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။
Proverbs 25:11လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။
Song of Solomon 5:16နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။
Matthew 13:54ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ၌ ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။
Luke 2:47သူ၏ စကားကိုကြား သောသူ အပေါင်း တို့သည် သူ၏ ပညာ ကို၎င်း၊ စကားအဖြေ ကို၎င်း အံ့ဩ ကြ၏။