ရှင်လုကာခရစ်ဝင် 4:8
ယေရှု ကလည်း ၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
7ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။
9တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန် တော်၏ အထွဋ် ၌ တင် ထားပြီးလျှင်၊
Cross References
Deuteronomy 10:20သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ အမှုတော် ကို ဆောင်ရွက်ရမည်။ ကိုယ်တော် ၌ ဆည်းကပ် ရမည်။ နာမ တော်အားဖြင့် ကျိန်ဆို ခြင်းကို ပြုရမည်။
2 Kings 19:15ထိုအခါ ဟေဇကိ မင်းသည် ထာဝရဘုရား ရှေ့ တော်၌ လျှောက် ဆိုသည်ကား၊ ခေရုဗိမ် ပေါ်မှာ ထိုင် တော်မူသောဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်တပါးတည်းသာလျှင်မြေကြီး ပေါ် မှာ ရှိသမျှ သော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏
Isaiah 2:11ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
Matthew 16:23ကိုယ်တော် သည် မျက်နှာတော်ကိုလှည့် ၍ အချင်းရန်သူ ၊ ငါ့ နောက် သို့ဆုတ် လော့။ သင်သည် ငါ တိုက်မိ ၍ လဲစရာအကြောင်းဖြစ် ၏။ သင်သည် ဘုရားသခင် ၏အရာ ကို စိတ်မ စွဲလမ်း ၊ လူ တို့၏အရာ ကိုသာ စွဲလမ်း သည် ဟု မိန့် တော်မူ၏။
James 4:7ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
Revelation 19:10ငါသည် ထိုသူ ကို ကိုးကွယ် ခြင်းငှာသူ ၏ခြေ ရင်း၌ ပြပ်ဝပ် ၏ သူကလည်း ၊ မ ပြုပါနှင့်၊ ငါကား သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ ယေရှု ၏ သက်သေခံ တော်မူချက်ကို ဆောင် သော သင် ၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင် ကို ကိုးကွယ် လော့။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေ ဖြစ် သတည်းဟု ငါ့ အားပြောဆို ၏။