ရှင်လုကာခရစ်ဝင် 6:17
ထိုသူ တို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ ၍ မြေညီ ရာအရပ် ၌ ရပ် တော်မူ၏။ တရား နာခြင်းငှာ၎င်း ၊ အနာ ရောဂါတို့ကိုငြိမ်း စေခြင်းငှာ၎င်း၊ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်။ ပင်လယ် ကမ်းနား၊ တုရု မြို့၊ ဇိဒုန် မြို့ အရပ်ရပ် တို့က လာ ကြ သော လူ အစုအဝေး အပေါင်း တို့နှင့် တပည့် တော်အပေါင်း တို့သည် ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18ညစ်ညူး သောနတ် ညှင်းဆဲ သောသူ တို့သည်လည်း လာ၍ချမ်းသာ ရကြ၏။
Cross References
Psalms 103:3သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
Matthew 4:23ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
Matthew 12:15ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
Matthew 15:21ခါနာန် အမျိုးဖြစ်သောမိန်းမ တစ်ယောက်သည် ထို နယ်စပ် မှ ထွက်လာ ၍၊ ဒါဝိဒ် ၏သား တော်ရှင် ၊ ကျွန်မ ကို သနား တော်မူပါ။ ကျွန်မ ၏သမီး သည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော် သော်လည်း စကား တစ်ခွန်းမျှပြန် တော်မ မူ။
Mark 7:24ကိုယ်တော်သည် ထို အရပ်မှထ ၍ တုရု မြို့နှင့် ဇိဒုန်မြို့၏ ကျေးလက် သို့ ကြွ တော်မူပြီးလျှင် အိမ် သို့ ဝင် ၍ အဘယ်သူ မျှမသိ စေခြင်းငှာအလို တော်ရှိသော်လည်း ပုန်းရှောင် ၍ နေတော်မ မူနိုင် ။
Luke 6:12ထို နေ့ရက် ကာလ၌ ကိုယ်တော် သည် ဆုတောင်း ပဌနာပြုခြင်းငှာတောင် ပေါ်သို့ ကြွ ၍ ဘုရားသခင် အား ဆုတောင်း ပဌနာပြုလျက် တစ် ညဉ့်နေ တော်မူ၏။