ရှင်လုကာခရစ်ဝင် 6:28
သင် တို့ကို ကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင် တို့ကို နှောင့်ရှက် သောသူ တို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
မြန်မာကျမ်းစာ
In The King James Version
Bless them that curse you, and pray for them which despitefully use you.
In Context
Cross References
Ezekiel 36:5အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။
Luke 6:27ငါ့စကားကိုကြား ရသော သင် တို့အား ငါဆို သည်ကား၊ သင် တို့၏ ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကို မုန်း သောသူ တို့အား ကျေးဇူး ပြု ကြလော့။
Luke 23:34ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။
Acts 14:5မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊
1 Corinthians 4:12ကိုယ် လက် နှင့် ပင်ပန်း စွာ လုပ်ဆောင် ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ ခြင်းကို ခံရသောအခါ မေတ္တာပို့ ကြ၏။ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံ ကြ၏။
1 Peter 3:9သင်တို့သည် ကောင်းကြီး မင်္ဂလာကိုအမွေခံ စေခြင်းအလိုငှာ ခေါ် တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့ မ မူ၊ ပြန်၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့။