ရှင်လုကာခရစ်ဝင် 6:7
ဥပုသ်နေ့ ၌ သူ၏ရောဂါကို ငြိမ်း စေမည် မငြိမ်းစေမည်ကို ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ ၍ ချောင်းကြည့် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 38:12အကျွန်ုပ် အသက် ကို ရှာ သောသူတို့သည် ကျော့ကွင်း များကို ထောင်ထားကြပါ၏။ အကျွန်ုပ် ၌ အပြစ် ပြုခြင်းအခွင့်ကို ရှာ သောသူတို့သည် တနေ့လုံး မနာလို သောစကားကိုပြော ၍ ၊ မကောင်းသောပရိယာယ် ကို ကြံစည် ကြပါ၏။
Jeremiah 20:10လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
Mark 3:2ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။
Luke 13:14ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
Luke 20:20ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။
John 9:16ဖာရိရှဲ အချို့ တို့က၊ ထိုသူသည် ဥပုသ် မ စောင့် ။ ဘုရားသခင် စေလွှတ်တော်မူသောသူ မ ဟုတ် ဟု ဆို ကြ ၏။ အချို့ တို့က၊ ဆိုး သောသူသည် ဤသို့သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြ နိုင် မည်နည်းဟု ဆို ကြ၏။ ထိုသို့အချင်းချင်း မသင့် ကွဲပြားခြင်းသို့ရောက်၏။