ရှင်လုကာခရစ်ဝင် 9:19
လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့ က၊ ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့ က၊ ရှေး ပရောဖက် တပါးပါးထ ပြန်သည်ဟူ၍၎င်း ဆို ကြပါ၏ဟု လျှောက် ကြသော်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Malachi 4:5ကြည့်ရှု လော့။ ထာဝရဘုရား ၏ ကြောက်မက် ဘွယ်သော နေ့ ရက်ကြီး မ ရောက် မှီ၊ ပရောဖက် ဧလိယ ကို သင် တို့ရှိရာသို့ ငါ စေလွှတ် မည်။
Mark 6:15လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။
John 1:21ထိုသူ တို့ကလည်း ၊ သို့ဖြစ်လျှင် သင် သည်အဘယ်သူ နည်း။ ဧလိယ ဖြစ် သလောဟု မေးမြန်း ပြန်၏။ ယောဟန်က၊ ငါ သည် ဧလိယမ ဟုတ်ဟုဆို ၏။ ဤမည်သောပရောဖက် ဖြစ် သလောဟု မေးပြန်လျှင်၊ မ ဟုတ်ဟု ဆို ပြန်၏။
John 7:40စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။