ရှင်လုကာခရစ်ဝင် 9:44
ထိုသို့ယေရှုပြု တော်မူသမျှ ကို လူအပေါင်း တို့သည် အံ့ဩ ချီးမွမ်းကြစဉ် တပည့် တော်တို့အား ၊ သင် တို့ သည် ငါ့စကား ကို နားထောင် မှတ်မိ ကြလော့။ လူ သား ကို လူ တို့လက် သို့ အပ်နှံ ရသောအချိန်နီး ပြီဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
43လူအပေါင်း တို့သည် ဘုရားသခင် ၏ မဟာ တန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။
Cross References
2 Samuel 24:14ဒါဝိဒ် ကလည်း ၊ ငါသည် ကျဉ်းမြောင်း ရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား ၏ လက် တော်သို့ ရောက် ပါစေ။ ကရုဏာ တော်ကြီးလှ ၏။ လူ လက် သို့ မ ရောက် ပါစေနှင့်ဟု ဂဒ် အား ပြန်ပြော ၏”
Matthew 16:21ထိုမှတပါးကိုယ်တော် သည် ယေရုရှလင် မြို့သို့ သွား ရ မည်။ လူ အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက်၌ များစွာ ခံရ မည်။ အသေ သတ်ခြင်းကိုလည်း ခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟူသောအကြောင်း များကို ထိုအခါ မှ စ ၍တပည့် တော်တို့အား ပြ တော်မူ၏။
Matthew 20:18ငါတို့သည် ယေရုရှလင် မြို့သို့ ယခုသွား ကြ၏။ လူ သား သည် ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့လက် သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေ ပြစ်ကို စီရင် ကြလိမ့်မည်။
Matthew 26:2နှစ် ရက် လွန် မှပသခါ ပွဲနေ့ရောက် မည်ကို သင်တို့သိ ကြ၏။ ထိုအခါ လူ သား ကိုလက်ဝါးကပ်တိုင် မှာရိုက်သတ်စေခြင်းငှာ အပ်နှံ ကြလိမ့်မည် ဟု မိန့်တော်မူ၏။
Mark 9:31အကြောင်းမူကား ၊ လူ သား သည် လူ တို့လက် သို့ အပ်နှံ ခြင်းကို၎င်း ၊ အသေ သတ်ခြင်းကို၎င်းခံရမည်။
Luke 2:19မာရိ သည်ထို အကြောင်းအရာအလုံးစုံ တို့ကို မှတ်ကျုံး ၍ စဉ်းစား ဆင်ခြင်လျက်နေ၏။