မာလခိအနာဂတ္တိကျမ်း 2:10
ခပ်သိမ်း သော ငါ တို့၌ တပါး တည်းသော အဘ ရှိသည်မ ဟုတ်လော။ တပါး တည်းသော ဘုရား သခင်သည် ငါ တို့ကို ဖန်ဆင်း တော်မူသည်မ ဟုတ်လော။ ဘိုးဘေး တို့နှင့် ဖွဲ့တော်မူသောပဋိညာဉ် ကို ရှုတ်ချ ၍၊ ငါတို့ သည် အဘယ်ကြောင့် တယောက် ကိုတယောက်သစ္စာ ဖျက်ကြသနည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Exodus 19:5ထိုကြောင့် ယခု တွင် သင်တို့သည် ငါ့ စကား ကို အမှန်နားထောင် ၍ ငါ့ ပဋိညာဉ် ကို စောင့်ရှောက် လျှင် အခြားသောလူမျိုး တကာ တို့ထက် သင်တို့သည် ငါ ပိုင်ထိုက်သော ဘဏ္ဍာ တော်ဖြစ် ရကြလိမ့်မည်။ မြေကြီး ရှိသမျှ သည် ငါ ၏ ဥစ္စာဖြစ်၏။
Joshua 23:12သို့မဟုတ် သင်တို့သည် ရွေ့ လျော့၍ ၊ သင် တို့တွင် ကျန် ကြွင်းသေးသော ဤ လူမျိုး တို့၌ မှီဝဲ လျက် ၊ ထိမ်းမြား ပေးစား၍ ပေါင်းဘော် ဆက်ဆံခြင်းရှိလျှင်၊
Ezra 9:11အဘယ် သို့လျှောက် ရပါမည်နည်း။
Nehemiah 13:29အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။
Psalms 100:3ထာဝရဘုရား သည် ဘုရား သခင်ဖြစ်တော်မူသည် ဟု သိမှတ် ကြလော့။ ထာဝရ ဘုရားသည် ငါ တို့ကို ဖန်ဆင်း တော်မူ၍ ၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါ တို့ သည်လည်း၊ ထာဝရ ဘုရား၏ လူ ဖြစ်ကြ၏။ အထံ တော်၌ ကျက်စား သော သိုးစု လည်း ဖြစ်ကြ၏။
Isaiah 43:7ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။