မာလခိအနာဂတ္တိကျမ်း 2:12
ထိုသို့ ပြု သောဆရာနှင့်တပည့်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောသူကို၎င်း ၊ ယာကုပ် တဲ တို့မှ ပယ် ဖြတ်တော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Genesis 4:3အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
Leviticus 20:3ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
Numbers 24:5အိုယာကုပ် အမျိုး၊ သင် တို့၏တဲ များ၊ အိုဣသရေလ အမျိုး၊ သင် တို့၏ ဘုံဗိမာန် များတို့သည် အဘယ်မျှ လောက် တင့်တယ် ကြသည်တကား။
1 Samuel 2:31သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။
1 Samuel 15:22ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
Ezra 10:18တပါး အမျိုးသားမိန်းမ နှင့် စုံဘက် သော ယဇ် ပုရောဟိတ် အမျိုးသား ဟူမူကား၊ ယောရှု အမျိုး ယောဇဒက် သား နှင့် သူ ၏ညီ မာသေယ ၊ ဧလျေဇာ ၊ ယာရိပ် ၊ ဂေဒလိ တည်း။