မာလခိအနာဂတ္တိကျမ်း 2:17
သင် တို့သည် ထာဝရဘုရား ၏ နားတော်ငြီး သည်တိုင်အောင်စကား များကြ၏။ နားတော်ငြီးသည် တိုင်အောင်အဘယ်သို့ ပြုမိသနည်းဟုမေး သော် ၊ ဒုစရိုက် ကိုပြု သောသူတိုင်း ထာဝရဘုရား ရှေ့ တော်၌ ကောင်း ၏။ ထိုသို့သောသူတို့ ကို နှစ်သက် တော်မူ၏ ဟူ၍၎င်း ၊ စစ်ကြော စီရင်တော်မူသောဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟူ၍၎င်း ဆိုတတ်ကြသည်တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
Deuteronomy 32:4ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
Job 34:5ယောဘ က၊ ငါဖြောင့်မတ် ၏။ ဘုရား သခင်သည် ငါ့ ကို အမှု ရှုံး စေတော်မူ၏။
Job 34:36ယောဘ သည် မတရား သော သူ ကဲ့သို့ပြန်ပြော တတ်သောကြောင့် ၊ အဆုံး တိုင်အောင် စုံစမ်း စေခြင်းငှါ ငါအလိုရှိ ၏။
Psalms 10:11ထို သူက၊ ဘုရား သခင်သည် မေ့လျော့ တော်မူ၏။ မျက်နှာ ကို လွှဲ တော်မူ၏။ မြင် တော်မ မူဟု အောက်မေ့ တတ်ပါ၏။
Psalms 95:9သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍၊ ငါ ၏အမှု တို့ကို မြင် ရသောတော တွင် ၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။
Isaiah 1:14ငါ့ ဝိညာဉ် သည် သင် တို့လဆန်း နေ့များနှင့် ၊ သင် တို့ပွဲ များကို မုန်း ၏။ ငါ့ ကို နှောက်ရှက် စရာဖြစ် ၏။ သည်းခံ ခြင်းအားဖြင့်ငါပင်ပန်း ၏။