မာလခိအနာဂတ္တိကျမ်း 2:3
သင်တို့မျိုးစေ့ ကို ငါ ဖျက် မည်။ တိရစ္ဆာန်ချေး တည်းဟူသောသင် တို့ဓမ္မပွဲ ၏တိရစ္ဆာန်ချေး ကို သင် တို့မျက်နှာ ပေါ် ၌ ငါကြဲ မည်။ သူတပါးတို့သည် သင် တို့ကို ထိုတိရစ္ဆာန်ချေး နှင့်အတူ ယူ သွားကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 2
Cross References
1 Samuel 2:29ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
1 Kings 14:10ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။
Job 20:7မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
Psalms 83:10ထိုသူတို့သည် အင်္ဒေါရ အရပ်၌ ဆုံးရှုံး ၍၊ မြေ ပေါ် မှာ နောက်ချေး ကဲ့သို့ဖြစ် ကြပါ၏။
Joel 1:10လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။
Nahum 3:6သင် ၌ မစင် ကိုပစ် ၍ ညစ်ညူး စေပြီးမှ ၊ သူတပါး တို့ကြည့် စရာထား မည်။