မာလခိအနာဂတ္တိကျမ်း 3:7
ဘိုးဘေး တို့ လက်ထက် မှစ၍ သင်တို့သည် ငါ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ တိမ်းရှောင် ကြပြီ။ ငါ ထံ သို့ ပြန် လာကြလော့။ ငါသည်လည်း သင် တို့ဆီသို့ ပြန် လာမည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန် လာရပါ မည်နည်းဟု သင်တို့မေး ကြသည်တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Leviticus 26:40သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊
Deuteronomy 9:7သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။
Deuteronomy 31:20အကြောင်း မူကား၊ သူ တို့၏ဘိုးဘေး တို့အား ငါကျိန်ဆို ၍ နို့ နှင့် ပျားရည် စီး သော ပြည် သို့ သူ တို့ကို ငါဆောင်သွင်း သဖြင့် သူတို့သည် ဝ စွာစား ရ၍ ဆူဖြိုး သောအခါ ၊ အခြား တပါးသော ဘုရား တို့ထံသို့ လွှဲ သွား၍ ဝတ်ပြု ကြလိမ့်မည်။ ငါ့ ကို ပုန်ကန် ၍ ငါ့ ပဋိညာဉ် တရား ကို ဖျက် ကြလိမ့်မည်။
1 Kings 8:47သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
Nehemiah 9:16သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။
Nehemiah 9:28တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။