ရှင်မာကုခရစ်ဝင် 1:34
အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
33တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
35နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
Cross References
Matthew 4:23ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
Mark 3:12သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။
Acts 16:16ထိုနောက်မှငါ တို့သည် ပဌနာ စရပ်သို့ သွား စဉ်တွင် နတ်ဝင် ဖြစ် ၍ အနာဂတ်ကိုဟော သဖြင့်၊ မိမိ သခင် တို့အား စီးပွား များ ကို ပြု တတ်သော မိန်းမငယ်တစ် ယောက်သည် ငါ တို့ကိုဆီးကြို လေ၏။