ရှင်မာကုခရစ်ဝင် 12:35
ထိုအခါ ယေရှု သည် ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ “ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု ကျမ်းပြု ဆရာတို့သည် အဘယ်ကြောင့် ဆို ကြသနည်း။”
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 12
Cross References
Matthew 9:27ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။
Matthew 26:55ထို အခါ ယေရှု က၊ သင်တို့သည် ဓားပြ ကိုဖမ်း သကဲ့သို့ ငါ့ ကိုဖမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား။ ငါသည် ဗိမာန် တော်၌ နေ့တိုင်း ဆုံးမ ဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင် နေစဉ်အခါ၊ သင်တို့သည် ငါ့ ကို မ ဖမ်းဆီး ကြ။
Luke 19:47ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊
Luke 20:41ယေရှု ကလည်း ၊ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု အဘယ်ကြောင့် ဆို ကြသနည်း။
John 7:42ခရစ်တော်သည် ဒါဝိဒ် အမျိုး ၊ဒါဝိဒ် နေရာ ဌာန၊ ဗက်လင် ရွာသားဖြစ် ရမည်ဟု ကျမ်းစာ လာ သည် မ ဟုတ် လောဟု ဆို ကြ၏။