ရှင်မာကုခရစ်ဝင် 14:54
ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 14
Cross References
1 Kings 19:9ဥမင် ထဲသို့ ဝင် ၍ နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ ၊ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။
Matthew 26:3ထိုအခါ ယဇ်ပုရောဟိတ် အကြီးကျမ်းပြုဆရာတို့နှင့် လူ တို့တွင် အကြီးအကဲ ဖြစ်သောသူ တို့သည်၊ ကယာဖ အမည် ရှိသော ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ၌ စည်းဝေး ကြပြီးလျှင် ၊
Mark 14:29ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
Mark 14:67ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊
Luke 22:55အိမ်ဦး အလယ် ၌ မီး မွေး ပြီးမှ၊ လူများတို့ သည် စုဝေး၍ ထိုင် ကြလျှင်၊ ပေတရု သည်လည်း သူ တို့အထဲ ၌ ထိုင်နေ၏။
John 18:18ထို ကာလ၌ ချမ်း သောကြောင့် ကျွန် များနှင့် မင်း လုလင်များတို့သည် မီးခဲ ပုံကိုထည့်၍ မီးလှုံ လျက် နေ ကြ၏။ ပေတရု သည်လည်း သူ တို့နှင့်တကွ ရပ် ၍ မီးလှုံ လျက်နေ ၏။