ရှင်မာကုခရစ်ဝင် 9:1
ငါအမှန် ဆို သည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် တန်ခိုး နှင့်တကွတည် ကြောင်းကို ဤ အရပ်၌ ရှိ သောသူ အချို့ တို့သည် မ မြင် မှီသေ ခြင်းသို့ မ ရောက် ရကြ ဟုမိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 24:30ထိုအခါ လူ သား ၏နိမိတ် လက္ခဏာသည် ကောင်းကင် ၌ ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာလူ အပေါင်း တို့သည် ငိုကြွေး မြည်တမ်းကြ၍ ၊ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုး တိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကိုမြင် ရကြလိမ့်မည်။
Mark 13:26ထိုအခါ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကို မြင် ရကြလိမ့်မည်။”
Luke 2:26သူ သည်ထာဝရ ဘုရား၏ခရစ်တော် ကိုမ မြင် မှီ မ သေ ရဟု ဗျာဒိတ် တော်ကိုရ၏။
Luke 22:18ငါ ဆိုသည်ကား ၊ ဘုရားသခင် ၏ နိုင်ငံ တော် မ တည် မှီတိုင်အောင် ယခု မှစ၍ စပျစ်ရည် ကိုတဖန် ငါ မ သောက်ရ ဟု မိန့် တော်မူ၏။
John 8:51ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် သောသူ သည်သေ ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည် ဟု မိန့် တော်မူ၏။
Acts 1:6ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊