ရှင်မဿဲခရစ်ဝင် 11:1
ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
Matthew 7:28ထို ဒေသနာ တော်ကို ယေရှု ဟောတော်မူသည်အဆုံး ၌ ပရိသတ် အပေါင်းတို့သည် ဆုံးမ ဩဝါဒ ပေး တော်မူခြင်းကို အလွန်အံ့ဩ ကြ၏။
Matthew 28:20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။
Luke 4:15လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။
John 15:10ငါ သည် ငါ့ ခမည်းတော် ၏ပညတ် တို့ကို စောင့်ရှောက် ၍ ခမည်းတော် ၏မေတ္တာ ၌ တည်နေ သကဲ့သို့ ၊ သင်တို့သည် ငါ့ ပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ငါ့ မေတ္တာ ၌ တည်နေ ကြလိမ့်မည်။
Acts 1:2အထက် သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မ ရောက်မှီကာလတွင်၊ ပြုမူ သွန်သင် တော်မူသမျှ တို့ကိုထုတ်ဘော်၍၊ အထက် ကျမ်းစာ ကို ငါ စီရင်ရေးထားပါပြီ။