ရှင်မဿဲခရစ်ဝင် 12:42
တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
43ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။
Cross References
Deuteronomy 30:13တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။
1 Kings 3:12သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။
1 Kings 4:29ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍၊
1 Kings 5:12ထာဝရဘုရား သည်လည်း ၊ ဂတိ တော်ရှိသည် အတိုင်း ၊ ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။
1 Kings 10:24ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို မြေကြီး သားအပေါင်း တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
Isaiah 7:14ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။