ရှင်မဿဲခရစ်ဝင် 13:12
အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 21:43ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။
Mark 4:24ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”
Luke 8:18ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။
Luke 10:42မာရိ မူကား ၊ ကောင်း သောအဘို့ ကို ရွေးယူ ပြီ။ ထို အဘို့ကို အဘယ်သူမျှ မ နှုတ် မယူရာ ဟု မိန့် တော်မူ၏။
Luke 16:2သခင်သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ၊ သင် ၏အမူအရာ၌ ငါကြား ရသောစကားကား အဘယ်သို့ နည်း။ ဘဏ္ဍာစိုး အရာ၌ မှတ်သားသော စာရင်း ကို ပေး လော့။ ယခု မှစ၍ဘဏ္ဍာစိုး မ လုပ်ရ ဟု ဆို ၏။
Luke 19:24အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။