ရှင်မဿဲခရစ်ဝင် 13:20
ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 11:13ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ မ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။
2 Chronicles 24:6တဖန် ရှင် ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောယဒ ကို ခေါ် ၍ ၊ သက်သေခံ တော်မူချက် တဲ တော်အဘို့ ၊ ထာဝရဘုရား ၏ကျွန် မောရှေ နှင့် စည်းဝေး ရာ ဣသရေလ ပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိ သားတို့သည် ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့ရမည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟုမေး တော်မူ၏။
Psalms 78:34သူ တို့ကို ကွပ်မျက် တော်မူသောအခါ ကိုယ်တော် ကို ရှာ ကြ၏။ ပြန်လာ ၍ ကိုယ်တော်ကို လိုက်ရှာ ကြ၏။
Isaiah 58:2သူတို့သည် တရား ကျင့် သောအမျိုး၊ မိမိ ဘုရား သခင်၏ပညတ် တို့ကို မ စွန့် သောအမျိုး ကဲ့သို့ ၊ နေ့ တိုင်း ငါ့ ကိုရှာ ၍ ငါ ၏တရားလမ်း ၌ မွေ့လျော် ကြသည်တကား။ ဖြောင့်မတ် စွာ တရား စီရင်ချက်တို့ကို ငါ့ ထံမှာအစဉ် မေးမြန်း ၍၊ ဘုရား သခင့်ထံသို့ချဉ်းကပ် ရာ၌ မွေ့လျော် ကြသည်တကား။
Matthew 13:5အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊
Mark 6:20သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။