ရှင်မဿဲခရစ်ဝင် 14:5
ယောဟန် ကိုသတ် ခြင်းငှာအလိုရှိ သော်လည်း ၊ လူ အပေါင်းတို့၏မျက်နှာကိုထောက် ၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောဟန် ကို ပရောဖက် ကဲ့သို့ ထင်မှတ် ကြသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
4အကြောင်းမူကား ၊ ယောဟန် က၊ အရှင် မင်းကြီးသည် ထိုမိန်းမ ကိုမ သိမ်း အပ် ဟု ဟေရုဒ် အားဆို လေပြီ။
Cross References
Matthew 11:9ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။
Matthew 21:32အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ မ ရကြ။
Mark 11:30ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော။ ဤအမေးကို ဖြေ ကြလော့” ဟု မိန့် တော်မူ၏။
Luke 20:6ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
Acts 5:26ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။