ရှင်မဿဲခရစ်ဝင် 16:1
ထိုအခါ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့သည် ကိုယ်တော် ကို စုံစမ်း နှောင့်ရှက်ခြင်းငှာချဉ်းကပ် ၍၊ မိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို ပြ တော်မူမည်အကြောင်း တောင်းပန် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 3:7ဖာရိရှဲ နှင့် ဇဒ္ဒုကဲ အများ တို့သည် ဗတ္တိဇံ ကို ခံအံ့သောငှာ လာ ကြသည်ကို ယောဟန် သည်မြင် လျှင် ၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောသေဒဏ် မှ ပြေးသွား စိမ့်သောငှာ၊ အဘယ်သူ သည် သင် တို့ကိုသတိပေး ဘိသနည်း။
Matthew 9:11ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။
Matthew 12:38ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊
Matthew 16:6ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။
Matthew 19:3ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
Matthew 22:18ယေရှု သည် ထိုသူ တို့၏ဆိုးညစ် သောသဘောကို သိ တော်မူလျှင် ၊ လျှို့ဝှက် သောသူတို့၊ အဘယ်ကြောင့် ငါ့ ကို စုံစမ်း နှောင့်ရှက်ကြသနည်း။