ရှင်မဿဲခရစ်ဝင် 16:13
ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ ကြွ တော်မူသောအခါ ၊ လူ များတို့သည် လူ သား ဖြစ် သော ငါ့ကို အဘယ်သူ ဖြစ်သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Daniel 7:13ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
Matthew 9:6လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
Matthew 12:32လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။
Matthew 13:37ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။
Matthew 15:21ခါနာန် အမျိုးဖြစ်သောမိန်းမ တစ်ယောက်သည် ထို နယ်စပ် မှ ထွက်လာ ၍၊ ဒါဝိဒ် ၏သား တော်ရှင် ၊ ကျွန်မ ကို သနား တော်မူပါ။ ကျွန်မ ၏သမီး သည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော် သော်လည်း စကား တစ်ခွန်းမျှပြန် တော်မ မူ။
Mark 8:27ယေရှု သည် ဖိလိပ္ပု ကဲသရိ မြို့၏ ကျေးလက် သို့ တပည့် တော်တို့နှင့်တကွ ကြွ တော်မူစဉ် ၊ လမ်း ခရီး၌ လူ များတို့သည် ငါ့ ကို အဘယ်သူ ဖြစ် သည်ဆို ကြသနည်း ဟု တပည့် တော်တို့ကို မေးမြန်း တော်မူလျှင်၊