ရှင်မဿဲခရစ်ဝင် 16:27
လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 34:11လူ ပြုသော အမှု ၏အကျိုးအပြစ်ကိုပေး တော်မူမည်။ လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်ခံစေတော်မူမည်။
Proverbs 24:12ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
Jeremiah 17:10ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
Ezekiel 7:27ရှင် ဘုရင်သည် ညည်းတွား မြည်တမ်းလိမ့်မည်။ မင်းသား သည် မှိုင်တွေ ခြင်းအဝတ် ကို ဝတ်ရ လိမ့်မည်။ ပြည်သူ ပြည်သားတို့၏ လက် တို့သည် တုန်လှုပ် ကြလိမ့်မည်။ သူ တို့ကျင့် ကြသည်အတိုင်း သူ တို့၌ ငါပြု မည်။ သူ တို့စီရင် ကြသည်အတိုင်း ငါပြန် ၍ စီရင်မည်။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Zechariah 14:5သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။
Matthew 10:41ပရောဖက် ၏ မျက်နှာ ကိုထောက်၍၊ ပရောဖက် ကို လက်ခံ သောသူ သည် ပရောဖက် ၏အကျိုး ကို ခံရ လတံ့၊ ဖြောင့်မတ် သောသူ၏မျက်နှာ ကိုထောက်၍၊ ဖြောင့်မတ် သောသူကို လက်ခံ သောသူ သည် ဖြောင့်မတ် သောသူ၏အကျိုး ကိုခံရ လတံ့။