ရှင်မဿဲခရစ်ဝင် 17:20
သင် တို့သည် ယုံကြည် ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန် ဆို သည်ကား၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ၊ ထို တောင် ကို နေရာမှ ရွေ့ လော့ဟုဆို ကြသော်၊ နေရာမှ ရွေ့ လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင် တို့မ တတ်နိုင်သောအမှုမ ရှိ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 13:31အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။
Matthew 14:30ယေရှု သည် လက် တော်ကိုချက်ခြင်း ဆန့် ၍ ပေတရု ကိုကိုင် တော်မူလျက် ၊ ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှား သောစိတ်ဝင်သနည်း ဟု မေး တော်မူ၏။
Matthew 17:17ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။
Mark 4:31မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”
Mark 11:23ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ယုံမှား သောစိတ် နှင့် ကင်း ၍ မိမိဆို သည်အတိုင်း ဖြစ် မည်ဟု ယုံကြည် လျက်။ ထို တောင် ကို နေရာမှရွေ့ လော့၊ ပင်လယ် ၌ ကျ လော့ဟုဆို လျှင် ၊ ထိုသူ ဆိုသည်အတိုင်း၊ ဖြစ် လိမ့်မည်။”
Luke 17:6သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။