ရှင်မဿဲခရစ်ဝင် 19:14
ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
15သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
Cross References
Genesis 17:7ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။
Genesis 21:4ဘုရားသခင် မှာ ထားတော်မူသည်အတိုင်း ၊ အာဗြဟံ သည်ရှစ် ရက် မြောက်သောနေ့၌ ၊ သား ဣဇာက် ကို အရေဖျား လှီးမင်္ဂလာပေးလေ၏။
1 Samuel 1:11အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် ၊ သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။
1 Samuel 1:24နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် တ ဧဖာ ၊ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။
Matthew 11:25ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
Mark 10:14ယေရှု သည်မြင် တော်မူလျှင် အမျက် တော်ထွက်၍ ၊ ထို သူငယ် တို့ကို ငါ့ ထံသို့ လာ ပါစေလေ။ မ ဆီးတား ကြနှင့်။ ဘုရားသခင် ၏နိုင်ငံ တော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ် ၏။”