ရှင်မဿဲခရစ်ဝင် 2:13
ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 2:2မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
Joshua 3:17လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။
Joshua 4:18ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ထဲက တက် လာ၍၊ ခြေဘဝါး တို့သည် ကုန်း ကို နင်းမိကြ သောအခါ၊ ယော်ဒန် မြစ်ရေ သည် မိမိ နေရာ သို့ ပြန် လာ၍ ၊ အရင် ကဲ့သို့ ကမ်း တရှောက်လုံး ကို လျှံလျက်နေ၏။
Job 33:15လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
Daniel 3:25ရှင်ဘုရင်က၊ လူ လေး ယောက်တို့သည် မ တုပ် မနှောင်ဘဲ မီး ထဲ၌ သွား လာ၍ ဘေးဥပဒ် နှင့် ကင်းလွတ် သည်ကို ငါ မြင် သည်တကား။ စတုတ္ထ သူသည်ဘုရား သား ၏ အဆင်း သဏ္ဌာန်ရှိ သည်ဟု မိန့် တော်မူ၍၊
Matthew 2:12နောက်မှ ဟေရုဒ် မင်းကြီးထံသို့ မ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။