ရှင်မဿဲခရစ်ဝင် 2:18
ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် မ ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
17ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
Cross References
Genesis 35:16ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
Genesis 37:33ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
Job 14:10လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။
Jeremiah 9:17ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဆင်ခြင် ကြလော့၊ ငိုခြင်းသည် မတို့ကိုခေါ် ၍ လာ ကြစေ။ လိမ္မာ သော မိန်းမတို့ ရှိရာသို့ စေလွှတ် ၍ လာကြစေ။
Ezekiel 2:10ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။