ရှင်မဿဲခရစ်ဝင် 2:22
ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 19:17ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
Psalms 48:14အကြောင်း မူကား၊ ထို ဘုရား သခင်သည် ကာလ အစဉ်အမြဲငါ တို့၏ဘုရား ဖြစ်တော်မူ၏။ သေ သည် ကာလတိုင်အောင် ငါ တို့ကို ပို့ဆောင် တော်မူလတံ့ သတည်း။
Psalms 107:6ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ဆယ် နှုတ်တော်မူ၏။
Isaiah 30:21သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
Matthew 1:20ထိုသို့ ကြံစည် ၍နေစဉ်တွင် အိပ်မက် ကိုမြင်ရသည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ ဒါဝိဒ် အမျိုး ယောသပ် ၊ သင် ၏ခင်ပွန်း မာရိ ကို ထိန်းသိမ်း ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ဤပဋိသန္ဓေ သည် သန့်ရှင်း သောဝိညာဉ် တော်ကြောင့် ဖြစ် ၏။
Matthew 2:19ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊