ရှင်မဿဲခရစ်ဝင် 20:34
ယေရှု သည် သနား ခြင်းစိတ်တော်ရှိ၍ သူ တို့မျက်စိ ကို လက်နှင့်တို့ တော်မူ၏။ ထိုခဏခြင်း တွင် ထိုသူ တို့သည် မျက်စိမြင် ၍ နောက်တော်သို့လိုက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
33သခင် ၊ အကျွန်ုပ် တို့ မျက်စိ ကို ပွင့်လင်း စေခြင်းငှာ ပြုတော်မူပါဟု လျှောက် ကြသော်၊
Cross References
Psalms 119:67အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
Psalms 145:8ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ သနား စုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ ၊ ခန္တီ တော်နှင့် ကရုဏာ တော်သည် အလွန် ကြွယ်ဝပါ၏။
Matthew 9:29ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊
Matthew 14:14ညဦးယံ ၌ တပည့် တော်တို့သည်ချဉ်းကပ် ၍၊ ဤအရပ် သည် တော အရပ်ဖြစ် ပါ၏။ မိုး လည်း ချုပ်ပါပြီ။ လူ အစုအဝေးတို့သည် မြို့ရွာ သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာ အခွင့် ပေးတော်မူပါဟု လျှောက် ကြလျှင်၊
Mark 7:33ကိုယ်တော်သည် ထိုသူ ကို လူအစုအဝေး ထဲက ခေါ် ၍ ၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏ နား ပေါက်၌ သွင်း တော်မူ၏။ တံထွေးနှင့် ထွေး ၍ သူ၏ လျှာ ကိုလည်း တို့ တော်မူ၏။
Luke 18:43ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။