ရှင်မဿဲခရစ်ဝင် 21:11
လူ အစုအဝေးတို့က၊ ဤသူ သည် ဂါလိလဲ ပြည်နာဇရက် မြို့၌ ပေါ်ထွန်းသောပရောဖက် ယေရှု ပေတည်း ဟု ပြောဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
And the multitude said, This is Jesus the prophet of Nazareth of Galilee.
In Context
Cross References
Matthew 2:23ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။
Mark 6:15လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။
Luke 7:39ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
Luke 24:19ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။
John 1:25ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။
John 4:19ထိုမိန်းမ ကလည်း၊ သခင် ၊ ကိုယ်တော် သည် ပရောဖက် ဖြစ် သည်ကို အကျွန်ုပ်ရိပ်မိ ပါ၏။