ရှင်မဿဲခရစ်ဝင် 23:26
မျက်စိ ကန်းသော ဖာရိရှဲ ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ရှေးဦးစွာ ဆေးကြော လော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်း လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 4:14အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
Ezekiel 18:31သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
Luke 6:45ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။
Hebrews 10:22ငါတို့သည် သစ္စာ နှင့် ပြည့်စုံသော သဘော ရှိ၍၊ ဝိစိကိစ္ဆာ နှင့် ကင်းသောယုံကြည် ခြင်း၌ တည်လျက်၊ စိတ်နှလုံး ကို သံဝေဂ တရားနှင့်လွတ်အောင်ဖြန်း ခြင်း၊ ကိုယ် ကာယကိုလည်း ကြည်သာ ရေ ဖြင့် ဆေးကြော ခြင်း ရှိပြီးမှ ၊ အထံတော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့