ရှင်မဿဲခရစ်ဝင် 24:45
အရှင်သည် မိမိ အိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန် လျှင် အစား အသောက်တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍၊ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့် ၎င်း ပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
46အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
Cross References
Exodus 36:4ထိုအခါ သန့်ရှင်း ရာဌာနတော်အလုပ် ကို လုပ်ကိုင် သော ပညာရှိ အပေါင်း တို့သည်၊ အသီးအသီး မိမိ လုပ် ရာမှ ၊
Ezekiel 34:2အချင်းလူသား ၊ သင်သည် ဣသရေလ အမျိုး သိုးထိန်း တို့တဘက် ၌ ပရောဖက်ပြု ၍ ဟောပြော လျက်၊ သိုးထိန်း တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသောစကားကိုဆင့်ဆို ရမည်မှာ၊ ကိုယ် ကိုသာ ကျွေးမွေး သော ဣသရေလ အမျိုး သိုးထိန်း တို့သည် အမင်္ဂလာ ရှိကြ၏။ သိုးထိန်း သည် သိုး တို့ကိုမ ကျွေးမွေး ရသလော ။
Matthew 7:24အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။
Matthew 13:52ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။
Matthew 25:21အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
Matthew 25:35အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။