ရှင်မဿဲခရစ်ဝင် 26:38
ထိုအခါ ယေရှု က၊ ငါ သည် သေ လောက် အောင် စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ ငါ နှင့်အတူ စောင့် ၍ နေ ကြလော့ ဟု တပည့်တော်သုံးယောက်တို့အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
37ပေတရု နှင့် ဇေဗေဒဲ ၏သား နှစ် ယောက်တို့ကို ခေါ်သွား ၍ ၊ နှလုံး သေစိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
Cross References
Job 6:2ငါ ဝမ်းနည်း ခြင်းအကြောင်းကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသောဒုက္ခ များကိုလည်း ချိန်ခွင် ၌ စု ထား ပါစေ။
Psalms 88:14အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို အဘယ် ကြောင့်ပယ် တော်မူသနည်း။ မျက်နှာ တော်ကို အကျွန်ုပ် မှ အဘယ်ကြောင့်လွှဲ တော်မူသနည်း။
Song of Solomon 5:3ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
Isaiah 53:10ထာဝရဘုရား သည် သူ့ ကို နှိပ်စက် ခြင်းငှါအလို တော် ရှိ၍ နာ စေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ် ကိုပူဇော် ပြီးမှ ၊ အမျိုး အနွယ်တော်ကို မြင် ရလိမ့်မည်။ အသက် တော်လည်း ရှည် လိမ့်မည်။ ထာဝရဘုရား ၏ အကြံ တော်သည်လည်း သူ ၏လက် ၌ ပြည့်စုံ ခြင်းသို့ ရောက်လိမ့်မည်။
Matthew 26:40တပည့် တော်တို့ရှိရာ သို့ ပြန် ၍ သူ တို့သည် အိပ်ပျော် လျက်နေကြသည်ကို တွေ့ တော်မူလျှင် ၊ သင်တို့ သည် တစ် နာရီ ခန့်မျှ ငါ နှင့်အတူ စောင့် ၍နေခြင်းငှာဤသို့ မ စွမ်းနိုင် သလော။
Romans 8:32မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။