ရှင်မဿဲခရစ်ဝင် 27:46
သုံးချက်တီး အချိန် ၌ ယေရှု က၊ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ဟု ကြီး သောအသံ နှင့် ကြွေးကြော် တော်မူ၏။ အနက် ကား၊ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း ဟု ဆိုလို သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
45မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
47ထို အရပ်၌ ရပ် နေသောသူ အချို့ တို့သည် ကြား လျှင်၊ သူသည် ဧလိယ ကိုခေါ်သည် ဟု ဆို ကြ၏။
Cross References
Psalms 71:11ဘုရား သခင်သည် သူ့ ကို စွန့်ပစ် တော်မူ၏။ လိုက် ၍ ဘမ်း ကြကုန်အံ့။ ကယ်လွှတ် သော သူမ ရှိဟု တိုင်ပင်ပြော ဆိုကြပါ၏။
Lamentations 1:12အိုခရီး သွား သောသူ အပေါင်း တို့၊ ကြည့်ရှု ဆင်ခြင်ကြလော့။ ထာဝရဘုရား သည် ပြင်းစွာ အမျက် တော် ထွက်သောနေ့ ၌ ငါ့ ကို ညှဉ်းဆဲ ၍ ၊ ဖြစ် စေတော်မူသော ဒုက္ခ နှင့် တူသော ဒုက္ခ ရှိ သလော ။
Luke 23:46ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် ၌ အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။
Hebrews 5:7ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊