ရှင်မဿဲခရစ်ဝင် 28:15
သွန်သင် သည်နှင့်အညီ စစ်သူရဲ တို့သည် ငွေ ကိုယူ ၍ ပြု ကြ၏။ ထို စကား ကို ယခု တိုင်အောင် ယုဒ လူတို့ သည် အနှံ့အပြား ပြောဆိုကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 26:15အကျွန်ုပ် သည် ယေရှု ကို ကိုယ်တော် တို့လက်သို့အပ် လျှင် အဘယ်မျှလောက် ပေး ပါမည်နည်းဟု လျှောက် သော်၊ ထိုသူ တို့က ငွေ အကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။
1 Timothy 6:10အကြောင်းမူကား ၊ ငွေ ကိုတပ်မက်ခြင်းသည် မကောင်း သော အမှုအပေါင်း တို့တွင် မူလအမြစ် ဖြစ် သတည်း။ လူအချို့ တို့သည်ငွေကို တပ်မက် သောကြောင့်ယုံကြည် ခြင်းတရားလမ်း မှ လွှဲသွား၍၊ ပူပန် ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင်ထိုး ကြပြီ။