ရှင်မဿဲခရစ်ဝင် 4:4
ယေရှု ကလည်း ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 16:15ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
Exodus 23:15ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
1 Kings 17:12မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ။ အိုး ထဲမှာ မုန့်ညက် တ လက်ဆုပ်၊ ဘူး ၌ ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် ၍ စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။
2 Kings 7:1ဧလိရှဲ က၊ ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့။ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နက်ဖြန် နေ့ယခုအချိန် ရောက်လျှင် ၊ ဂျုံမုန့်ညက် တစိတ် ကို ငွေတကျပ် ၊ မုယော ဆန်တခွဲ ကို တကျပ် နှင့် ရှမာရိ မြို့တံခါးဝ ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏
Malachi 3:9သင် တို့သည် ကျိန် ခြင်းအမင်္ဂလာ ကို ခံရကြ၏။ အကြောင်း မူကား၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ ဥစ္စာကို လုယူ ကြပြီ။
Matthew 4:10ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။