ရှင်မဿဲခရစ်ဝင် 5:20
ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ ကြီး သောသူဖြစ် လိမ့်မည်။ သင် တို့ကျင့်သောအကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့ကျင့်သောအကျင့်ထက် မ လွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံ တော်သို့ မ ဝင် ရကြဟုငါအမှန်ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 7:21သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
Matthew 23:2ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့သည် မောရှေ ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင် ကြ၏။
Mark 10:15ငါအမှန် ဆို သည်ကား၊ အကြင်သူ သည် ဘုရားသခင် ၏နိုင်ငံ တော်ကို သူငယ် ကဲ့သို့ မ ခံယူ ၊ ထိုသူသည် နိုင်ငံ တော်သို့ မ ဝင် ရ ဟု မိန့် တော်မူပြီးမှ၊
Luke 11:39သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။
Luke 12:1ထိုအခါ အတိုင်းမသိ များစွာသော လူ တို့သည်စုဝေး ၍ အချင်းချင်း နင်းမိ မတတ် နေကြသည်ရှိသော်၊ ယေရှုသည် တပည့် တော်တို့အား မိန့် တော်မူသည်ကား၊ လျှို့ဝှက် ခြင်းတည်းဟူသောဖာရိရှဲ တို့၏ တဆေး ကို ရှေးဦးစွာ ကြဉ်ရှောင် ကြလော့။
Luke 18:10လူ နှစ် ယောက်တို့သည် ဆုတောင်း ပဌနာပြုခြင်းငှာဗိမာန် တော်ပေါ်သို့ တက် ကြ၏။ တစ် ယောက်ကား ဖာရိရှဲ ဖြစ်၏။ တစ် ယောက်ကား အခွန်ခံ ဖြစ်၏။