ရှင်မဿဲခရစ်ဝင် 5:39
ငါ ပညတ် သည်ကား ၊ နှောင့်ရှက် သောသူ ကို မ ဆီး မတားနှင့်။ သင် ၏ပါး တစ်ဘက်ကို သူတစ်ပါး ပုတ် လျှင် ပါးတစ်ဘက် ကို လှည့် ၍ပေးဦးလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
40သင့် အင်္ကျီ ကိုယူလို ၍ တရား တွေ့သောသူ အား သင့် ဝတ်လုံ ကိုလည်း ယူ စေခြင်းငှာအခွင့် ပေးဦးလော့။
Cross References
Leviticus 19:18သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
1 Samuel 25:31ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူး ပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။
1 Kings 22:24ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
Job 31:29ငါ့ ကိုမုန်း သောသူသည် ပျက်စီး သောအခါ ငါဝမ်းမြောက် သလော။ သူ ၌ဘေး ရောက် သောအခါ ၊ ငါဝါကြွား သလော။
Proverbs 24:29သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
Lamentations 3:30ရိုက် သောသူအား မိမိ ပါး ကိုပေး ၍၊ ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် ပြည့်ဝ စေ။