ရှင်မဿဲခရစ်ဝင် 5:45
အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 145:9ထာဝရဘုရား သည် ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြုချင်သော သဘောရှိ၍ ၊ ဖန်ဆင်း တော်မူသမျှ တို့ကို သနား စုံမက်တော်မူ၏။
Luke 6:35သင် တို့မူကား ရန်သူ တို့ကိုချစ် ကြသလော။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မြော်လင့် ခြင်း မ ရှိဘဲချေးငှား ကြလော့။ ထိုသို့ပြုလျှင်သင် တို့အကျိုး ကြီး လိမ့်မည်။ အမြင့်ဆုံး သောဘုရား၏ သား ဖြစ် ကြလိမ့်မည်။
Acts 14:17သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
1 John 3:9ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။